Moe Tain Hte Wal

2 views

Lyrics

အမည်မဖော်နိုင်တဲ့ သောကများသည်
 အရိုက်ထဲထိ
 မင်ကြောင်စုတ်ထိုး
 အပ်နဲ့ပေါက်သလို စူးနစ်ပြီး
 အဝတ်စုတ်တခုလို
 ငါ့အတွေးတွေ စွန်းပေနွမ်းခဲ့
 အရိပ်တွေ တခုစီ
 ငါ့ရင်ဘတ်ထဲထည့်ကာ
 တိမ်ရင်ပြင်ထက် မိုးညွန့်များ
 ငါ ခုန်လွှားရင်း
 ဖြာပွေနေတဲ့ ငါ့ရဲ့စိတ်တွေ လွှတ်ကျရင်း
 ဘဝသစ်တွေ လက်ထဲငါ
 အံထုတ်ကာ ထားရင်း
 တခုစီ တခုစီ
 ငါ့အိပ်မက်ထဲ ထည့်ကာ
 ငါဟာမိုးတိမ်တွေထဲ ဝေး
 ငါဟာမိုးတိမ်တွေထဲ ဝေး
 လေနှင်တဲ့ ခုချိန်ခဏ
 အတိတ်မေ့ပြီး
 ခဏ နောက်ချန်ပြီး
 ခဏ မေ့နေပြီး
 ငါဟာမိုးတိမ်တွေထဲ ဝေး
 ငါဟာမိုးတိမ်တွေထဲ ဝေး
 လေနှင်တဲ့ ခုချိန်ခဏ
 အတိတ်မေ့ပြီး
 ခဏ နောက်ချန်ပြီး
 ခဏ မေ့နေပြီး
 ငါဟာ မိုးတိမ်ထဲဝယ်
 ကြယ်တွေလိုပဲ တငွေ့ငွေ့ကျွမ်းလောင်
 လှိုက်စားပြီး
 စကြာဝဠာရဲ့ အစွန်းဆုံးတဖက်ကို
 ခရီးဆက်ရင်း
 အလင်းနှစ်တွေကြား ငါ
 မျောလွင့်သွားရင်း
 ဟင်းလင်းပြင်ကြီးမှာ
 ရွတ်လွှင့်သွားရင်း
 ငါ့ကျောပြင်ထက် ငါ
 အဝေးဆီ အဝေးဆီ
 မျောရင်း
 ငါဟာမိုးတိမ်တွေထဲ ဝေး
 မိုးတိမ်တွေထဲ ဝေး
 လေနှင်တဲ့ ခုချိန်ခဏ
 အတိတ်မေ့ပြီး
 ခဏ နောက်ချန်ပြီး
 ခဏ မေ့နေပြီး
 ငါဟာမိုးတိမ်တွေထဲ ဝေး
 ငါဟာမိုးတိမ်တွေထဲ ဝေး
 လေနှင်တဲ့ ခုချိန်ခဏ
 အတိတ်မေ့ပြီး
 ခဏ နောက်ချန်ပြီး
 ခဏ မေ့နေပြီး
 ငါဟာ မိုးတိမ်ထဲဝယ်

Audio Features

Song Details

Duration
04:15
Key
4
Tempo
102 BPM

Share

More Songs by Lay Phyu

Similar Songs