Min Thi Phot Kaung Tal

3 views

Lyrics

ကန်တော်ကြီး အင်းလျားလည်း
 မသွားချင် ကိုယ်လေ မသွားဘူး
 ပြန်မြင်ယောင်ကာ ဆွေးနိုင်တယ်
 နှစ်ယောက်သား သွားဖူးတဲ့
 ဘုရားပေါ်မှာ ခိုလေးများ
 ကိုယ်လာရင် မေးငေါ့ကြမလား
 အကြောင်းအမျိုးမျိးရှိလို့ ကိုယ် ငြင်းရခက်တော့
 စင်ပေါ်တက်ရတဲ့ အခိုက်အတန့်လေး
 ထိုင်နေကျ ရှေ့က မင်းရှိရာ ခုံလေးသို့
 ဟိုအရင်လို မကြည့်ဝံ့ဘူး
 မင်း သိဖို့ကောင်းတယ်
 စွဲမိတဲ့ မင်းရဲ့အပြုံးလေးတွေ
 ချိုသာတဲ့စကားများ ပျောက်ကွယ်ရင် မနေတတ်လို့
 ယောင်ချာချာဖြစ်ခဲ့ရ
 ♪
 အဖော်တွေကောင်းပေမယ့်လည်း
 ခဏတော့ စိတ်ပြေရုံပဲရှိ
 နေသာတယ် မထင်နဲ့ကွယ်
 ကိုယ်တစ်ယောက်တည်း မသွားရဲဘူး
 အရင်လို အင်အားမရှိ
 ဘယ်ရုံမှာ ဘာကားပြ
 သတိရလို့ ဆွေးရမယ့် ကိုယ့်အဖြစ်များ
 မင်းမပါတဲ့ ကိုယ့်ဘဝများ
 အိပ်မက်လည်းမက်ဖို့ ကြောက်မိတယ် ပြန်စဉ်းစား
 ဒီလူကို ထားသွားမလား
 မင်း သိဖို့ကောင်းတယ်
 စွဲမိတဲ့ မင်းရဲ့အပြုံးလေးတွေ
 ချိုသာတဲ့စကားများ ပျောက်ကွယ်ရင် မနေတတ်လို့
 ယောင်ချာချာဖြစ်ခဲ့ရ
 မင်း သိဖို့ကောင်းတယ်
 စွဲမိတဲ့ မင်းရဲ့အပြုံးလေးတွေ
 ချိုသာတဲ့စကားများ ပျောက်ကွယ်ရင် မနေတတ်လို့
 ယောင်ချာချာဖြစ်ခဲ့ရ
 

Audio Features

Song Details

Duration
04:41
Key
2
Tempo
147 BPM

Share

More Songs by Myo Gyi

Similar Songs